Lecturer Biography

ဦးကျော်မင်းထွန်းကို ၁၉၇၆ ခုနှစ် ရန်ကုန်မြို့တွင် အဖ ဦးအောင်ကျော်မြင့်၊ အမိ ဒေါ်စန်းစန်းဦး တို့မှ ဖွားမြင်သည်။ ညီအစ်ကို နှစ်ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ မူလတန်း ပညာရေးကို ဝန်ထမ်းဖြစ်သော ဖခင်တာဝန်ကျရာ ကချင်ပြည်နယ် ရွှေကူမြို့ ဘုန်းတော်ကြီးကျောင်းတွင် စတင်ခဲ့သည်။ အထက်တန်းကို ၁၉၉၂-၁၉၉၃ ပညာသင်နှစ်တွင် အထက(၃) စမ်းချောင်း၊ ရန်ကုန်မှ အောင်မြင်ခဲ့သည်။

IDCS(NCC-UK) နှင့် LADCS(NCC-UK) တို့ကို MCC နှင့် ကွန်ပျူတာတက္ကသိုလ် ရန်ကုန်တို့မှ တက်ရောက်အောင်မြင်ခဲ့သည်။ B.Sc(Chemistry) ဘွဲ့ကို ရန်ကုန် အဝေးသင်တက္ကသိုလ်မှ ရယူခဲ့ပြီး၊ ပြည်သူရေးရာ စီမံခန့်ခွဲမူ မဟာဘွဲ့ (MPA) ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှအပ်နှင်းခြင်း ခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် MCC Company တွင်
– အလုပ်သင်ဝန်ထမ်း
– Junior Lecturer
– Junior Programmer
– Senior Programmer/Lecturer
– System Analyst
များဖြင့် အဆင့်ဆင့်တာဝန်ကို ၁၉၉၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

  • ၁၉၉၈ ခုနှစ်တွင် ကိုယ်ပိုင် Software House ဖြစ်သော ADDA Systems Software Development Group ကို လုပ်ဖော်ကိုင်ဖက်များဖြင့် ပူးတွဲလုပ်ဆောင်ကာ CEO တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
    ၂၀၀၀ မှ ၂၀၀၂ အထိ MMRD Company တွင် တစ်နိုင်ငံလုံး၏ Retail Outlets များ၏ Sales Data များနှင့် Outlets များကို Analysis လုပ်ရသော Retail IT Dept.Head အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။
    ထိုသို့ တာဝန်ထမ်းဆောင် နေချိန်တွင် တစ်နိုင်ငံလုံးရှိ Retail Outlets များ၏ သန်းခေါင်စရင်း ကောက်ခံသော Projects များကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။
    ထို့အတူ ၂၀၀၁ ခုနှစ်တွင် MICT Park ၏ Founder Company 13 ခုအနက် တစ်ခုဖြစ်သော Bee Cyber Land Company တည်ထောင်ခဲ့ရာ ၌ Founder တစ်ဦးအဖြစ် ရှယ်ယာပါဝင် တည်ထောင်ခဲ့ပြီး IT Dept Director အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သည်။
  • Bee Cyber Land တွင်တာဝန်ယူဆောင်ရွက်နေချိန်တွင် E-Government Systems များကို အကောင်ထည် ဖော်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနများတွင် အေင်မြင်စွာ တပ်ဆင် အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့သည်။
    ၂၀၀၄ ခုနှစ်တွင် Myanmar Chronicle Online မဂ္ဂဇင်း ကို တစ်လလျှင် နှစ်ကြိမ် English Myanmar နှစ်ဘာသာဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှု့ရေး၊ ပညာရေး တို့ကို ထင်ဟပ်ပေါ်လွင်စေသော Social Economic News များကို Online တွင် ၂၀၀၆ ခုနှစ် အထိ မည်သည့်အခကြေးငွေမှ မယူဘဲ လွှင့်တင်ထုတ်ဝေခဲ့သည်။
    ၂၀၀၉ ခုနှစ်တွင် WISE College ကိုပါဝင် တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် WISE College ၏ Prisident တာဝန်ကို ထမ်းဆောင်လျှက် ရှိသည်။