Knowing Your Customers and Keeping Them with Microsoft Dynamics CRM@WISE College

လေးစားအပ်ပါသောလူကြီးမင်းများခင်ဗျား • ရှိရင်းစွဲ Customer များ တစစလျော့နည်းလာပါသလား။ • Customer များတိုးလာသော်လည်း လုပ်ငန်း၏ ဝန်ဆောင်မှု အရည်အသွေး ကျဆင်းလာခြင်း(သို့) Customer များ၏ လုပ်ငန်းအပေါ်ကျေနပ်မှု လျော့ကျလာပါသလား။ • Sales Representative( အရောင်းကိုယ်စားလှယ်) များ၏ လျာထားချက်နှင့် လက်ရှိရောင်းအားကို အချိန်နှင့်တပြေးညီ သိရှိလိုပါသလား။ • သင်၏ စီးပွါးရေးလုပ်ငန်းသည် Small Business (အသေးစားလုပ်ငန်း) မှ Medium Enterprise (အလတ်စားလုပ်ငန်း) သို့ တိုးတက်လိုပါသလား။ • Customer များကို သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးလိုပါသလား။ • Marketing (ဈေးကွက်ချဲ့ထွင်ခြင်း) ကို ပိုမိုထိရောက်လိုပါသလား။ • Sales Manager, Customer Service Manager, Marketing Manager တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော CRM စနစ်တစ်ခု၏ ဆောင်ရွက်ပုံကို သိရှိလိုပါသလား။ စီးပွားရေး၊ဝန်ဆောင်မှုလုပ်ငန်းများတွင် Customer Relationship ( ဖောက်သည်များနှင့် ဆက်ဆံရေး) သည် လုပ်ငန်းတစ်ခုလုံး၏ Main Pillar(ပင်မ မဏ္ဍိုင်)ပင် ဖြစ်သည်။ ထိုကဲ့သို့ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဖောက်သည်များနှင့် ဆက်ဆံရာတွင်အဆင်ပြေချောမွေ့စေရန် များစွာသော လုပ်ငန်းတို့တွင် CRM ဟုခေါ်သော Customer Relationship Management (ဖောက်သည်များနှင့် ဆက်ဆံရေး စီမံခန့်ခွဲမှု)ကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချလျှက်ရှိသည်။ သို့ရာတွင် ဈေးကွက်အတွင်းရှိ များပြားပြင်းထန်လှသော ပြိုင်ဆိုင်မှုများကြားတွင်စီမံခန့်ခွဲမှုများသည် သာမန် သမားရိုးကျ ခန့်ခွဲရန် ခက်ခဲလာသည်။ ထို့ကြောင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် CRM အထောက်အကူပြု ကွန်ပြုတာစနစ် များလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့သည်။ ထိုစနစ်များထဲမှ ကမ္ဘာကျော်ကုမ္ပဏီဖြစ်သော Microsoft မှ Microsoft Dynamics CRM စနစ်သည် ထိပ်တန်းစာရင်းဝင် CRM စနစ်တစ်ခု အဖြစ်ကမ္ဘာတစ်ဝန်းလုံးတွင်သုံးစွဲလျှက်ရှိပါသည်။ ယနေ့အချိန်တွင် Microsoft Dynamics CRM ကို သုံးစွဲနေသောလုပ်ငန်းများထဲမှ အချို့မှာ 1. BMW 2. Hyundai BS & C 3. Hitachi Solutions 4. Nissan ၊ TATA Technologies 5. Global Petrochemical (Shell) 6. May Bank 7. University of Washington၊ 8. Siemens သင်ပိုင်ဆိုင်သော(သို့) သင်လုပ်ကိုင်နေရသော စီးပွါးရေးဝန်ဆောင်မှုလုပ်ငန်း၏ Customer Relationship နှင့် ပက်သက်သော များစွာသော မေးခွန်းများ၏အဖြေကိုပေးနိုင်မည့် Customer Relationship Management နှင့်ပက်သက်သော “Knowing Your Customer and Keeping Them” Seminar ကို WISE College ၌ ၁၄ ရက် ၂လ၊ ၂၀၁၅ခုနှစ်( စနေနေ့)တွင် ပြုလုပ်သွားမည် ဖြစ်ပါ၍ စိတ်ပါဝင်စားသူမည်သူမဆို ကြိုတင်စာရင်းပေးသွင်း၍ အခမဲ့ တက် ရောက်နိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။  WISE College ၊ အမှတ် (၁၀၀၉ A/B) ၊ ၁၀ လွှာ၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။  ဖုန်းနံပါတ် – ၀၁-၅၅၆၁၈၃ ၊ ၀၉-၂၅၅၇၂၃၃၈၈ ၊ ၀၉-၄၂၁၁၅၄၈၆၂ ။  လူဦးရေကန့်သတ်ထားပါသည်။